မှတ်စု- ဤသတင်းအချက်အလက်သည် 2020 ခုနှစ်၊ ဧပြီလ 17 ရက်နေ့အတိုင်း အတိအကျဖြစ်သော်လည်း အချို့သောသတင်းအချက်အလက်များမှာ ၎င်းရက်နောက်ပိုင်းတွင် ပြောင်းလဲသွားနိုင်ပါသည်။ လတ်တလောအပ်ဒိတ်အကြောင်းအရာများအတွက် vtlawhelp.org ကိုကြည့်ပါ။
PDF (580 KB)
သင်သည် COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်မရှိတော့ပါက သို့မဟုတ် အလုပ်ချိန်များကို ဖြတ်တောက်ခံလိုက်ရပါက၊ အကူအညီအချို့ကို ရယူနိုင်ခြေရှိပါသည်။ သင်၏အလုပ်ရှင်မှ ထိုသို့မလုပ်ရန်ပြောကြားလျှင်တောင်မှ သင်သည် အကျိုးခံစားခွင့်များကို လျှောက်ထားနိုင်ပါသည်။ အလုပ်လက်မဲ့အကျိုးခံစားခွင့်များနှင့်ပတ်သက်၍ အလုပ်ရှင်များက ဆုံးဖြတ်ချက်ချမှတ်ခြင်းမဟုတ်ပါ — ပြည်နယ်က ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်ပါသည်။
COVID-19 အန္တရာယ်ဖြစ်နေစဉ်အတွင်း ကျွန်ုပ်သည် အလုပ်လက်မဲ့အကျိုးခံစားခွင့်များအတွက် အရည်အချင်းပြည့်မီပါသလား။
သင်သည် ဖော်ပြပါအတိုင်းဖြစ်ပါက လျှောက်ထားနိုင်ပါသည်-
- အလုပ်မှ ရပ်ဆိုင်းခံလိုက်ရသည် သို့မဟုတ် လက်လွှတ်လိုက်ရသည်
- အလုပ်မှ ခွင့်ပေးခံလိုက်ရသည်
- သင်၏အလုပ်ချိန်များကို ဖြတ်တောက်ခံလိုက်ရသည်
- အလုပ်ရခဲ့သော်လည်း COVID-19 ကြောင့် အလုပ်စမတက်နိုင်ခဲ့ပါ
- COVID-19 ကြောင့် ပိတ်ထားသော ကျောင်း သို့မဟုတ် ကလေးပြုစုစောင့်ရှောက်ရေးစင်တာရှိကလေးကို ပြုစုစောင့်ရှောက်ရန် အလုပ်ထွက်လိုက်ရသည်
- COVID-19 ကူးစက်ခံထားရသော အိမ်ထောင်စုဝင်တစ်ဦးကို ပြုစုစောင့်ရှောက်ရန် အလုပ်ထွက်လိုက်ရသည်
- ဆရာဝန်၏ညွှန်ကြားချက်အရ ရောဂါခြေချုပ်ဖြင့်နေနေရသည်
- COVID-19 ကူးစက်ခံလိုက်ရသည် သို့မဟုတ် ရောဂါလက္ခဏာများရှိလာပြီး ရောဂါစစ်ဆေးရန်လိုအပ်နေသည်
- အိမ်တွင်နေရန်အမိန့်ထုတ်ထားခြင်းများကြောင့် အလုပ်မလုပ်နိုင်ပါ
- ကျန်းမာရေးဆိုင်ရာအကြောင်းပြချက်များကြောင့် အဝေးမှအလုပ်လုပ်ရန် သင်၏အလုပ်ရှင်ကို တောင်းဆိုခဲ့သော်လည်း သင်၏အလုပ်ရှင်မှ "မရပါ" ဟု ပြောကြားခဲ့သည်
- သင်၏အလုပ်ရှင်သည် ဘေးကင်းရေးလမ်းညွှန်ချက်များကို လိုက်နာခြင်းမရှိဘဲ COVID-19 ကူးစက်ခံလာရနိုင်ခြေရှိသော အကျိုးအကြောင်းမဆီလျော်သည့်အန္တရာယ်နှင့်ထိတွေ့မိစေရန် ပြုလုပ်နေခြင်းကြောင့် အလုပ်မှထွက်လိုက်သည်
သင်သည် ရောဂါခြေချုပ်ဖြင့်နေနေရခြင်းကြောင့်၊ ဖျားနေခြင်းကြောင့်၊ နေမကောင်းသော မိသားစုဝင်တစ်ဦးကို ပြုစုစောင့်ရှောက်နေရခြင်းကြောင့်၊ သို့မဟုတ် ကလေးကို ပြုစုစောင့်ရှောက်နေရခြင်းကြောင့် အလုပ်မလုပ်နိုင်ပါက၊ သင်သည် Vermont နာမကျန်းချိန်ဝင်ငွေရရှိမှု နှင့် ဖက်ဒရယ် COVID-19 လစာရသည့်ခွင့်တို့အတွက် အရည်အချင်းပြည့်မီမှု ရှိ မရှိ စစ်ကြည့်သင့်ပါသည်။ အလုပ်လက်မဲ့အကျိုးခံစားခွင့်များကို လျှောက်ထားခြင်းမပြုမီ ၎င်းကိုလုပဆောင်ပါ။ ဖက်ဒရယ် လစာရသည့်ခွင့်ဆိုင်ရာဥပဒေအကြောင်းအရာအသစ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏စာမျက်နှာကိုကြည့်ပါ။
သင်၏အလုပ်ရှင်မှ "သင့်ကို ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ပါ" သို့မဟုတ် "ခွင့်ပေးလိုက်ခြင်းမဟုတ်ပါ" ဟု ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ အရေးပါခြင်းမရှိကြောင်း မှတ်ထားပေးပါ။ သင်အလုပ်မှထွက်ရသောအကြောင်းရင်းသည် အလုပ်လက်မဲ့အကျိုးခံစားခွင့်များအတွက် အရည်အချင်းပြည့်မီခြင်းရှိ မရှိကို သင်၏အလုပ်ရှင်မှမဟုတ်ဘဲ ပြည်နယ်မှ ဆုံးဖြတ်ပါသည်။
ကျွန်ုပ်သည် “အမြဲတမ်းဝန်ထမ်းမဟုတ်သော အလုပ်လုပ်သူ” သို့မဟုတ် လွတ်လပ်သောကန်ထရိုက်တာဖြစ်နေလျှင်တောင် အရည်အချင်းပြည့်မီပါသလား။
ပြည့်မီပါသည်။ သင်သည် ကိုယ်ပိုင်အလုပ်လုပ်သူ၊ လွတ်လပ်သောကန်ထရိုက်တာ သို့မဟုတ် အလွတ်တန်းအလုပ်လုပ်သူဖြစ်ပါက၊ သင်သည် အထက်တွင်ဖော်ပြထားသည့် အခြားသောစံနှုန်းများနှင့်ကိုက်ညီလျှင် အရည်အချင်းပြည့်မီနိုင်ပါသည်။
Vermont သည် ထိုအကျိုးခံစားခွင့်အတွက် စည်းမျဉ်းစည်းကမ်းများနှင့် လျှောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်များကို ဖွဲ့စည်းလုပ်ဆောင်နေဆဲဖြစ်ပါသည်။ ဤလျှောက်ထားမှုအသင့်ဖြစ်သည့်အခါ သင်ထံမည်သို့ဆက်သွယ်နိုင်ကြောင်းကို ၎င်းတို့အားအသိပေးရန် အလုပ်သမားရေးရာဌာနဝဘ်ဆိုက် ထံ သွားရောက်ပါ။
မှတ်ချက်- သင်၏အသေးစားလုပ်ငန်းသည် "လစာငွေဆိုင်ရာကာကွယ်မှု" SBA ချေးငွေ သို့မဟုတ် စီးပွားရေးဆိုင်ရာထိခိုက်မှုအန္တရာယ်ချေးငွေအတွက် လျှောက်ထားထားပါသလား။ ထိုငွေပေးချေခြင်းသည် ပုံမှန်နာရီများကိုထိန်းသိမ်းထားနိုင်ခွင့် ပေးစွမ်းပါသလား။ ပေးစွမ်းပါက၊ သင်သည် ပရိုဂရမ်အသစ်တစ်စုံတစ်ရာအရ အလုပ်လက်မဲ့အကျိုးခံစားခွင့်များကို ရရှိနိုင်ခြေမရှိပါ။
ကျွန်ုပ်သည် ယခုနှစ်၏ အနည်းဆုံး အလုပ်မှတ်တမ်းလိုအပ်ချက်များကို ပြည့်မီခြင်းမရှိပါက ဘယ်လိုဖြစ်မှာပါလဲ။
ပြည့်မီပါသည်။ သင့်တွင် သိသာထင်ရှားသော အလုပ်မှတ်တမ်းမရှိလျှင်တောင်မှ၊ သင်သည် ယခုအချိန်အတွင်းတွင် အလုပ်လက်မဲ့အကျိုးခံစားခွင့်များကို ရရှိနိုင်ပါသည်။
ကျွန်ုပ်သည် အမေရိကန်ပြည်ထောင်စု၏နိုင်ငံသားမဟုတ်ပါက အရည်အချင်းပြည့်မီပါသလား။
ယေဘုယျအားဖြင့် သင်သည် အမေရိကန်ပြည်ထောင်စု၏နိုင်ငံသားမဟုတ်ပါက၊ သင်သည် ယခုတွင် အမေရိကန်ပြည်ထောင်စု၌အလုပ်လုပ်ရန် တရားဝင်ခွင့်ပြုချက်ရှိလျှင်၊ ယခင်အလုပ်လုပ်စဉ်က ခွင့်ပြုချက်တစ်ခု ရှိထားလျှင်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်များအတွက် အရည်အချင်းပြည့်မီပါသည်။ အမျိုးသားဆိုင်ရာ အလုပ်ခန့်အပ်မှုဥပဒေပရောဂျက်တွင် ယအချိန်၌ အလုပ်လက်မဲ့အကျိုးခံစားခွင့်များအတွက် သင်၏အရည်အချင်းပြည့်မီမှုနှင့်ပတ်သက်သည့် ကျွန်ုပ်တို့သိရှိထားသောအရာ၊ မသိထားသောအရာများအတွက် ခြုံငုံသုံးသပ်ချက် ရှိပါသည်။
စာရွက်စာတမ်းအထောက်အထားမရှိသော ရွှေ့ပြောင်းနေထိုင်သူများသည် အလုပ်လက်မဲ့အကျိုးခံစားခွင့်များကို မရရှိနိုင်ပါ။
သင်သည် Vermont တွင်နေထိုင်ပါသလား။ သင်သည် အမေရိကန်ပြည်ထောင်စုတွင်အလုပ်လုပ်ရန် သင်၏ ရွှေ့ပြောင်းနေထိုင်မှုဖော်ပြချက် သို့မဟုတ် အခွင့်ရှိမှုနှင့်ပတ်သက်၍ မေးမြန်းလိုသည်များရှိပါသလား။ AALV ထံ သို့မဟုတ် South Royalton ဥပဒေနှင့်ဆိုင်သောဆေးခန်း ထံ ဆက်သွယ်ပါ။
အပတ်စဉ်ငွေကြေးမည်မျှရရှိနိုင်ပါသလဲ။
ထုံးစံအတိုင်း ပြည်နယ်သည် သင်၏အပတ်စဉ်အကျိုးခံစားခွင့်ပမာဏကို ဤဖော်မျူလာကိုအသုံးပြု၍သတ်မှတ်တွက်ချက်ပါသည်။ အများဆုံးပမာဏမှာ တစ်ပတ်လျှင် $513 ဖြစ်ပါသည်။
သင်သည် ယခု COVID-19 ကြောင့် အလုပ်လက်မဲ့အကျိုးခံစားခွင့်များအတွက် အရည်အချင်းပြည့်မီပါက (ဥပမာ၊ သင့်တွင် အလုပ်မှတ်တမ်းများများစားစားမရှိခြင်းကြောင့် သို့မဟုတ် သင်သည် လွတ်လပ်သောကန်ထရိုက်တာဖြစ်နေသောကြောင့်)၊ Vermont သည် သင်၏အကျိုးခံစားခွင့်များအား တွက်ချက်ပုံနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲနေဆဲဖြစ်ပါသည်။ ပမာဏသည် တစ်ပတ်လျှင် $191 (နောက်ဆုံးသုံးလရှိ ပြည်နယ်ပျမ်းမျှ အလုပ်လက်မဲ့အကျိုးခံစားခွင့်များ၏တစ်ဝက်) နှင့် တစ်ပတ်လျှင် $513 ကြား ဖြစ်ပါလိမ့်မည်။
သင်သည် အပတ်စဉ်တောင်းဆိုချက်ကို တင်ပြပါက၊ သင်သည် အပတ်စဉ်တိုင်းတွင် "ကပ်ရောဂါဆိုင်ရာ အလုပ်လက်မဲ့လျော်ကြေး" $600 ကို အပိုရရှိလိမ့်မည်ဖြစ်ပါသည်။ ထိုငွေကြေးကို 2020 ခုနှစ်၊ ဇူလိုင်လ 31 ရက်နေ့မတိုင်မီအထိ ရရှိနိုင်ပါသည်။ သင်သည် တစ်စိတ်တစ်ပိုင်းအလုပ်လက်မဲ့ဖြစ်နေခြင်းဖြစ်လျှင်တောင်မှ ၎င်းကို ရရှိနိုင်ပါသည်။
ပြဿနာဖြစ်ပွားနေစဉ်အတွင်း အလုပ်လက်မဲ့အာမခံအကျိုးခံစားခွင့်များကို ဘယ်လောက်ကြာကြာ ရရှိနိုင်ပါသလဲ။
သင်သည် အရည်အချင်းပြည့်မီပါက 39 ပတ်ကြာသည်အထိ သို့မဟုတ် 2020 ခုနှစ်၊ ဒီဇင်ဘာလ 31 မတိုင်မီအထိ -- မည်သည့်အရာက အရင်ဖြစ်ပွားသည်ဖြစ်စေ၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်များကို ရရှိနိုင်ပါသည်။
ကျွန်ုပ်သည် ယခုနှစ်အတွက် ကျွန်ုပ်၏ အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို 26 ပတ်အထိ အသုံးပြုပြီးဖြစ်ပါက ဘယ်လိုဖြစ်မှာပါလဲ။
သင်သည် နောက်ထပ်တောင်းဆိုချက်ကို တင်ပြခဲ့ကာ အရည်အချင်းပြည့်မီပါက၊ နောက်ထပ် 13 ပတ်ထပ်တိုးထားသော အလုပ်လက်မဲ့အကျိုးခံစားခွင့်များကို ရရှိနိုင်ပါသည်။ ၎င်းကိုလျှောက်ထားရန်အတွက် ပြန်လည်တင်ပြရန် သေချာပါစေ။
လျှောက်ထားရန်အတွက် မည်သည့်အချက်အလက်များကို လိုအပ်ပါသလဲ။
အလုပ်သမားရေးရာဌာနဝဘ်ဆိုက်ရှိ ဤစာမျက်နှာအောက်ခြေရှိစာရင်း ကိုကြည့်ပါ။ တတ်နိုင်သမျှ အချက်အလက်များများရယူကာ အသင့်ပြင်ထားပါ။
ဖော်ပြပါအတိုင်းဆိုပါက အလုပ်သမားရေးရာဌာနမှ အကဲဖြတ်လူကြီးသည် သင် နှင့်/သို့မဟုတ် သင်၏အလုပ်ရှင်ထံ ဆက်သွယ်ပါမည်-
- သတင်းအချက်အလက်ပျောက်ဆုံးနေသည်၊ သို့မဟုတ်
- ထိုကိစ္စရပ်တစ်စုံတစ်ရာနှင့်ပတ်သက်၍ သင်နှင့် သင်၏အလုပ်ရှင်မှ သဘောမတူပါ။
အကဲဖြတ်လူကြီးလိုအပ်သော သတင်းအချက်အလက်များကိုရှာဖွေရာတွင် ကူညီပေးရန် အကောင်းဆုံးလုပ်ဆောင်ပေးပါ။ သင့်တွင် ဤသတင်းအချက်အလက်တစ်စုံတစ်ရာကို ကြည့်ခွင့်မရှိပါက ၎င်းတို့ကိုပြောပြပါ။
ဘယ်လိုလျှောက်ထားရမှာပါလဲ။
Vermont တွင်၊ အလုပ်လက်မဲ့လျော်ကြေးအတွက် ကနဦးတောင်းဆိုချက်များကို ဖုန်း သို့မဟုတ် အွန်လိုင်းဖြင့် ပြုလုပ်ရပါမည်။ 1-877-214-3330 သို့မဟုတ် 1-888-807-7072 ထံ ဖုန်းခေါ်ဆိုပါ။ Vermont အလုပ်သမားရေးရာဌာနတွင် အွန်လိုင်းဖောင်ရှိပါသည်။ ဖောင်ကို ဤနေရာတွင် ပြီးစီးအောင်ဖြည့်စွက်ပေးပါ။
သင်သည် လွတ်လပ်သောကန်ထရိုက်တာ၊ ကိုယ်ပိုင်အလုပ်လုပ်သူ သို့မဟုတ် "အမြဲတမ်းဝန်ထမ်းမဟုတ်သော" အလုပ်လုပ်သူဖြစ်ပါက၊ သင်၏တောင်းဆိုချက်ကိုဖွဲ့စည်းတင်ပြနိုင်ခြင်းမပြုမီ ရက်သတ္တပတ်အနည်းငယ် ကြာမြင့်နိုင်ပါသည်။ Vermont သည် ထိုအကျိုးခံစားခွင့်အတွက် စည်းမျဉ်းစည်းကမ်းများနှင့် လျှောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်များကို ဖွဲ့စည်းလုပ်ဆောင်နေဆဲဖြစ်ပါသည်။ ဤလျှောက်ထားမှုအသင့်ဖြစ်သည့်အခါ သင်ထံမည်သို့ဆက်သွယ်နိုင်ကြောင်းကို ၎င်းတို့အားအသိပေးရန် အလုပ်သမားရေးရာဌာနဝဘ်ဆိုက် ထံ သွားရောက်ပါ။
တောင်းဆိုမှုပြုလုပ်ရန်အတွက် အလုပ်သမားရေးရာဌာနထံ ဆက်သွယ်ခြင်းမပြုမီတွင်၊ ၎င်းတို့၏ လိုအပ်သောအချက်အလက်များစာရင်းမှ သတင်းအချက်အလက်များကို ရယူစုဆောင်းပါ။ အလုပ်သမားရေးရာဌာနသည် ဖုန်းခေါ်ဆိုမှုများစွာကို ကိုင်တွယ်ဖြေကြားနေရခြင်းကြောင့် ဖုန်းခေါ်ဆိုဆက်သွယ်နိုင်ရန် အချိန်အနည်းငယ် ကြာမြင့်နိုင်ပါသည်။
ဘယ်လောက်ကြာကြာစောင့်ရမှာပါလဲ။
ယခုအချိန်တွင်၊ အလုပ်သမားရေးရာဌာနတွင် အလုပ်လက်မဲ့အကျိုးခံစားခွင့်များအတွက် စောင့်ဆိုင်းကာလသတ်မှတ်ချက် မရှိသေးပါ။
ပုံမှန်အချိန်များတွင်၊ သင်၏ ပထမဆုံးငွေပေးချေမှုကိုရရှိရန် နှစ်ပတ်ခန့် ကြာမြင့်တတ်ပါသည်။ ကပ်ရောဂါဖြစ်ပွားမှုကြောင့်၊ ပိုမိုစောင့်ဆိုင်းရန် လိုအပ်နိုင်ပါသည်။ သင်၏ပထမဆုံးငွေပေးချေမှုကို ရရှိမည့်အချိန်အား အတိအကျမသိနိုင်ပါ။
ကျွန်ုပ်သည် အရည်အချင်းပြည့်မီပြီးနောက် တစ်ခုခုလုပ်ရန် လိုအပ်ပါသလား။
သင်အလုပ်မလုပ်နိုင်သောကြောင့် သို့မဟုတ် သင်၏အလုပ်ချိန်များကိုဖြတ်ချလိုက်သောကြောင့် သင်၏တောင်းဆိုချက်ကို အပတ်တိုင်း ဆက်လက်တင်ပြထားပါ။ သင်၏ အမည်နောက်ဆုံးစာလုံးမှာ A-E နှင့်စတင်ပါက၊ သင်၏အပတ်စဉ်တောင်းဆိုချက်ကို တနင်္လာနေ့များတွင် တင်ပြပါ၊ F-L နှင့်စတင်ပါက အင်္ဂါနေ့များတွင် တင်ပြပါ၊ M-R နှင့်စတင်ပါက ဗုဒ္ဓဟူးနေ့များတွင် တင်ပြပါ၊ S-Z နှင့်စတင်ပါက သောကြာနေ့များတွင် တင်ပြပါ။
သင်သည် အလုပ်ရှာနေခြင်းဖြစ်ကြောင်း သက်သေပြရန်လိုအပ်ခြင်းမရှိဟု အလုပ်သမားရေးရာဌာနမှပြောကြားလာသည်အထိ။ အလုပ်သမားရေးရာဌာနသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်နေစဉ်အတွင်း ထိုလူများ၏ကျန်းမာရေး သို့မဟုတ် အခြားသူများ၏ကျန်းမာရေးကို အန္တရာယ်မဖြစ်စေလိုပါ။ သင်သည် အလုပ်အင်တာဗျူးများသွားခဲ့ကြောင်း၊ အလုပ်ဆိုင်ရာအခွင့်အလမ်းပွဲများ တက်ရောက်ခဲ့ကြောင်း၊ စသည်တို့ကို ပြသရန်မလိုအပ်ပါ။
၎င်းသည် ကျွန်ုပ်၏အကျိုးခံစားခွင့်များ၊ နေရာထိုင်ခင်း၊ နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို မည်သို့အကျိုးသက်ရောက်စေပါမည်နည်း။
သင်သည် 3SquaresVT (အစားအစာတံဆိပ်နှိပ်ခြင်းများ)၊ လောက်စာဆီအကူအညီ၊ အထွေထွေအကူအညီ၊ ကမ်းလင့်ထောက်ကူမှု၊ သို့မဟုတ် SSI တို့ကဲ့သို့သော အများပြည်သူဆိုင်ရာအကူအညီကို ရယူထားပါက၊ အဆိုပါပရိုဂရမ်တစ်ခုစီအတွက် အလုပ်လက်မဲ့အကျိုးခံစားခွင့်ထံမှ သင်ရရှိထားသောငွေကြေးအကြောင်းကို သတင်းပေးပို့ရပါမည်။ ယေဘုယျအားဖြင့် အလုပ်လက်မဲ့အကျိုးခံစားခွင့်ကို စတင်ရရှိသည့်အခါ 10 ရက်အတွင်း ထိုငွေကြေးအကြောင်းကို သတင်းပေးပို့သင့်ပါသည်။ အလုပ်လက်မဲ့ဖြစ်မှုကြောင့် အကျိုးခံစားခွင့်များရရှိနေစဉ်တွင် သင်ရရှိသော အလုပ်လက်မဲ့အကျိုးခံစားခွင့်ပမာဏပေါ်မူတည်၍ သင်၏ အခြားသောအကျိုးခံစားခွင့်များကို လျှော့ချ သို့မဟုတ် ရပ်တန့်မည် ဖြစ်ပါသည်။
သင့်အနေဖြင့် အလုပ်လက်မဲ့အကျိုးခံစားခွင့်များအတွက် အရည်အချင်းပြည့်မီမှုမရှိတော့သည့်အခါ သင်၏ 3SquaresVT၊ လောက်စာဆီအကူအညီ၊ အထွေထွေအကူအညီ၊ ကမ်းလင့်ထောက်ကူမှု၊ သို့မဟုတ် SSI တို့ကို ရရှိနိုင်ရန်အတွက် ထိုပရိုဂရမ်တစ်ခုစီထံသို့လည်း သတင်းပို့သင့်ပါသည်။
သင့်တွင် တန်ဖိုးနည်းအိမ်ရာရှိပါက၊ (သင်သည် တန်ဖိုးနည်းအဆောက်အဦတွင် နေထိုင်နေပါက) သင်၏မြေရှင်ထံ သို့မဟုတ် (သင်သည် ပုဒ်မ 8 ဘောက်ချာကဲ့သို့သော ငှားရမ်းမှုဆိုင်ရာအကူအညီကို ရယူထားပါက) သင်၏ အိမ်ရာအာဏာပိုင်ထံ သင်၏ အလုပ်လက်မဲ့အကျိုးခံစားခွင့်များအကြောင်းကို သတင်းပို့သင့်ပါသည်။ အလုပ်လက်မဲ့အကျိုးခံစားခွင့်များကို ရရှိနေစဉ်တွင် သင်၏ငှားရမ်းမှုရှယ်ယာမှာ မြင့်တက်သွားနိုင်ပါသည်။ သင်၏ အလုပ်လက်မဲ့အကျိုးခံစားခွင့်များ ရပ်သွားသည့်အခါတွင်လည်း သင်၏ငှားရမ်းမှုရှယ်ယာ ပြန်ကျသွားစေရန်အတွက် သတင်းပို့သင့်ပါသည်။
Medicaid သည် "ကပ်ရောဂါအတွင်း အလုပ်လက်မဲ့ဖြစ်မှုဆိုင်ရာ လျော်ကြေး" နှင့်စပ်လျဉ်းသော တစ်ပတ်လျှင် $600 အတွက်မှလွဲ၍ ဤ အလုပ်လက်မဲ့အကျိုးခံစားခွင့်ငွေကြေးကိုလည်း ထည့်သွင်းရေတွက်ပါသည်။ သင်သည် Vermont Medicaid ထံသို့လည်း သင်၏ အလုပ်လက်မဲ့အကျိုးခံစားခွင့်ငွေကြေးအကြောင်းကို သတင်းပို့သင့်ပါသည်။ လူအများစုသည် အပို အလုပ်လက်မဲ့အကျိုးခံစားခွင့်များကိုရယူကာ ၎င်းတို့၏ Medicaid ကို ထိန်းသိမ်းထားသင့်သည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။ သင်၏ Medicaid ပြောင်းလဲသွားကြောင်း သို့မဟုတ် ပြီးဆုံးသွားကြောင်း ပြောကြားသည့်စာကို လက်ခံရရှိပါက၊ ကျွန်ုပ်တို့ထံ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာထောက်ခံအားပေးသူရုံး (HCA)သို့ ဆက်သွယ်ပေးပါ။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ထောက်ခံအားပေးသူနှင့် စကားပြောဆိုရန် 1-800-917-7787 သို့ ဖုန်းခေါ်ဆိုပါ၊ သို့မဟုတ် ကျွန်ုပ်တို့၏ အကူအညီတောင်းခံမှုဖောင်ကို ဖြည့်စွက်ပေးပါ။ Vermont နယ်သားများအတွက် HCA သည် အခမဲ့ဝန်ဆောင်မှုဖြစ်ပါသည်။
ကျွန်ုပ်ကိုငြင်းဆိုလိုက်ပါက မည်သို့ဖြစ်မှာပါလဲ။
သင်သည် အယူခံရေးသားတင်ပြရန် ထိုနေ့မှစ၍ ရက်ပေါင်း 30 အချိန်ရပါသည်။ သို့သော် အချို့သောငြင်းဆိုမှုများကို အယူခံဝင်စရာမလိုဘဲ ဖြေရှင်းနိုင်ပါသည်။ အလုပ်သမားရေးရာဌာနသည် ယခုအခါတွင် လျှောက်ထားမှုများစွာနှင့်ပတ်သက်၍ ဆောင်ရွက်နေလျှက်ရှိပြီး၊ ၎င်းတို့ထဲရှိတစ်ဝက်ခန့်မှာ စနစ်တွင် လုံလောက်သည့်အချက်အလက်မရှိသောကြောင့် ကနဦးငြင်းဆိုမှုများကို လက်ခံရရှိနေကြပါသည်။ အယူခံမဝင်မီတွင် သင်သည် တောင်းဆိုချက်နှင့်ပတ်သက်၍ ဖြေရှင်း၍ရနိုင်ခြေရှိသူတစ်ဦး ဟုတ် မဟုတ်သိရန် သတ်မှတ်ထားသောနေ့တွင် အလုပ်သမားရေးရာဌာနသို့ ဆက်သွယ်ရန် ကြိုးစားသင့်ပါသည်။ သင်၏ အမည်နောက်ဆုံးစာလုံးမှာ A-E နှင့်စတင်ပါက၊ တနင်္လာနေ့များတွင် ဖုန်းခေါ်ဆိုပါ၊ F-L နှင့်စတင်ပါက အင်္ဂါနေ့များတွင် ဖုန်းခေါ်ဆိုပါ၊ M-R နှင့်စတင်ပါက ဗုဒ္ဓဟူးနေ့များတွင် ဖုန်းခေါ်ဆိုပါ၊ S-Z နှင့်စတင်ပါက သောကြာနေ့များတွင် ဖုန်းခေါ်ဆိုပါ။
သင်၏ အလုပ်လက်မဲ့အကျိုးခံစားခွင့်ဆိုင်ရာ ငြင်းဆိုမှုအတွက် အယူခံဝင်ရန် လိုအပ်ခြင်း ရှိ မရှိ ဆုံးဖြတ်နိုင်ရန် ကျွန်ုပ်တို့ ကူညီပေးနိုင်ပါသည်။ ဖောင်ကိုဖြည့်စွက်ပေးပါ ကျွန်ုပ်တို့ သင့်ထံ ဖုန်းပြန်ခေါ်ပေးပါမည်။ သင်၏အချက်အလက်များသည် Vermont ဥပဒေရေးရာအကူအညီနှင့် Vermont ဥပဒေရေးရာဝန်ဆောင်မှုများနှင့်ပတ်သက်၍ အကူအညီပေးရန် တောင်းဆိုမှုများကို စစ်ဆေးပေးသော Vermont ဥပဒေရေးရာဝန်ဆောင်မှုများထံ ရောက်သွားပါလိမ့်မည်။ သင်သည် ကျွန်ုပ်တို့ထံ 1-800-889-2047 သို့လည်း ဖုန်းခေါ်ဆိုနိုင်ပါသည်။
သင်သည် အယူခံဝင်ရန်မလိုပါက၊ သင်၏ငြင်းဆိုမှု သို့မဟုတ် "ဆုံးဖြတ်ချက်စာလွှာ" ပေါ်ရှိနေ့စွဲမှစတင်ကာ ရက်ပေါင်း 30 အတွင်း အလုပ်သမားရေးရာဌာနထံ မေးလ်ပို့ပေးရန် သေချာပါစေ။ သင် အယူခံဝင်လိုကြောင်း ၎င်းတို့ကို ပြောပြပါ။ သင်သည် သင်၏အယူခံကို မေးလ်ဖြင့်၊ ဖက်စ်ဖြင့် သို့မဟုတ် အရောက်ပေးပို့ခြင်းဖြင့်ဖြစ်စေ ပေးပို့နိုင်သော်လည်း၊ သင်ပေးပို့သောအချိန်သည် ငြင်းဆိုမှုစာလွှာရှိနေ့စွဲမှစတင်ကာ ရက်ပေါင်း 30 အတွင်း ဖြစ်ရပါမည်။ သင်၏အယူခံစာလွှာတွင် ပါဝင်ရမည့်အကြောင်းအရာအသေးစိတ်အတွက် အလုပ်သမားရေးရာဌာနဝဘ်ဆိုက်ကို ကြည့်ပေးပါ။ သင့်စာကိုမိတ္တူကူး၍ မိတ္တူကို သိမ်းထားပါ။
သင်သည် အယူခံဖောင်ကိုအသုံးပြုလိုပါက၊ UI တောင်းဆိုမှုဆိုင်ရာအယူခံဖောင်ကို အသုံးပြုနိုင်ပါသည်။ ၎င်းကိုဖြည့်စွက်ကာ မိတ္တူကူး၍ မိတ္တူကိုသိမ်းထားပါ။
စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ တရားသူကြီး (ALJ) သည် သင်၏တောင်းဆိုချက်နှင့် ငြင်းဆိုမှုကို ပြန်လည်ဆန်းစစ်မည်ဖြစ်ကာ သင်သည် ဖုန်းဖြင့်ကြားနာခြင်းကို ပြုလုပ်ရပါလိမ့်မည်။ အယူခံလုပ်ငန်းစဉ်ဆိုင်ရာ အသေးစိတ်အချက်များအတွက် သင်၏ ကြားနာမှုဆိုင်ရာအသိပေးစာ၏ကျောဘက်ကိုကြည့်ပါ သို့မဟုတ် အလုပ်သမားရေးရာဌာန၏ဝဘ်ဆိုက်ကိုကြည့်ပါ။
????
More in Burmese / Karen: Audio about COVID-19 financial help from CVOEO